thumbnail image
  • ပင်မစာမျက်နှာ
  • ဘယျသူတှလေဲ?
  • ဘာတှလေုပျတာလဲ?
  • DOWNLOAD APP
  • …  
    • ပင်မစာမျက်နှာ
    • ဘယျသူတှလေဲ?
    • ဘာတှလေုပျတာလဲ?
    • DOWNLOAD APP
    09 950222735
    • ပင်မစာမျက်နှာ
    • ဘယျသူတှလေဲ?
    • ဘာတှလေုပျတာလဲ?
    • DOWNLOAD APP
    • …  
      • ပင်မစာမျက်နှာ
      • ဘယျသူတှလေဲ?
      • ဘာတှလေုပျတာလဲ?
      • DOWNLOAD APP
      09 950222735
      • ပင်မစာမျက်နှာ
      • ဘယ်သူတွေလဲ?
      • ဘာတွေလုပ်တာလဲ?
      • DOWNLOAD APP
        • ကိုယ်ရေးအချက်အလက် မူဝါဒစည်းမျဉ်း

          မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ (Personally Identifiable Information) (PII) အား အွန်လိုင်းတွင် မည်ကဲ့သို့ အသုံးပြုမည်ကို စိုးရိမ်ပူပန်သော သူများအတွက် ဤကိုယ်ရေးအချက်အလက် မူဝါဒစည်းမျဉ်းအား ထားရှိပါသည်။ PII သည် ၎င်းအား သီးသန့်ဖြစ်စေ သို့မဟုတ် အခြား အချက်အလက်များနှင့် အတူတကွဖြစ်စေ စစ်ဆေးကြည့်ရှုရန်၊ ဆက်သွယ်ရန် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရှာဖွေရန် အသုံးပြုနိုင်သော သတင်းအချက်အလက်ဖြစ်သည်။ မိမိတို့၏ ဝပ်ဆိုဒ်ဖြစ်သော www.quickyat.com သို့ သွားရောက်ကြည့်ရှုခြင်းသည် ဤမူဝါဒစည်းမျဉ်း၏ ဖော်ပြပါ အချက်အလက်များကို လက်ခံသဘောတူခြင်းဖြစ်သည်။ မိမိတို့၏ ဝပ်ဆိုဒ်နှင့် app စည်းမျဉ်းစည်းကမ်းအတိုင်း လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်ကဲ့သို့ ရယူသည်၊ အသုံးပြုသည်၊ အကာအကွယ်ပေးသည် သို့မဟုတ် ကိုင်တွယ်သည်ကို သေချာရှင်းလင်းနားလည်သဘောပေါက်စေရန် မိမိတို့၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒစည်းမျဉ်းကို သေသေချာချာ လေ့လာဖတ်ရှုပါ။

          မည့်သည့်အချိန်တွင် သတင်းအချက်အလက်များကိုရယူပါသလဲ။

          မိမိတို့ ဝပ်ဆိုဒ် သို့မဟုတ် app တွင်း လူကြီးမင်းတို့၏ သတင်းအချက်အလက်များကို စတင် ထည့်သွင်းသည့်အချိန်မှ စ၍ လူကြီးမင်းတို့၏ အချက်အလက်များကို ရယူပါသည်။

          မည်သည့်ကိုယ်ရေးအချက်အလက်များကို ဝပ်ဆိုဒ် သို့မဟုတ် app သို့ဝင်ရောက်သူများထံမှ ရယူပါသလဲ။

          မိမိတို့၏ ဝပ်ဆိုဒ် , app တွင် ဖောင်များကို ဖြည့်စွက်၍လည်းကောင်း၊ လူကြီးမင်းတို့၏ လူမှုကွန်ယက်အချက်အလက်များကို ဝင်ရောက်ခွင့်ပေးခြင်းဖြင့်လည်းကောင်း၊ သို့မဟုတ် မိမိတို့နှင့် ဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ်၍လည်းကောင်း လူကြီးမင်းတို့၏ အချက်အလက်များကို ပေးနိုင်ပါသည်။ ထိုသို့ဆိုရာတွင် app တွင်းဝင်ရောက်ခြင်း၊ ချေးငွေတစ်ခုလျှောက်ထားခြင်းနှင့် လူမှုကွန်ယက်၏ လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ လူကြီးမင်းတို့ ပေးပို့သည့် အချက်အလက်များတွင် လူကြီးမင်းတို့၏ အမည်၊ လက်ရှိနှင့် ယခင်နေရပ်လိပ်စာ၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ လူမှုကွန်ယက်အချက်အလက်များ၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ ကိုယ်ရေးကိုယ်တာ အခြေအနေနှင့် အချက်အလက်များ၊ အလုပ်အကိုင်အချက်အလက်၊ ပညာရေးအခြေအနေ၊ မိသားစုဝင်များ၏ ဆက်သွယ်ရန် ဖုန်းနှင့် အချက်အလက်များ၊ application များနှင့် မက်ဆေ့ချ်များ ပါဝင်နိုင်ပါသည်။

          COOKIES တွေကို အသုံးပြုပါသလား။

          မိမိတို့သည် ခြေရာခံရန်အတွက်သာ cookies ကို အသုံးပြုပါသည်။ cookie တစ်ခုပို့သည့် အချိန်တိုင်း လူကြီးမင်းတို့ ကွန်ပျူတာတွင် သတိပေးချက်ရယူရန် စီစဉ်ဆောင်ရွက်ထားနိုင်ပါသည်။ သို့မဟုတ် cookies အားလုံးပိတ်ပစ်ရန် ပြုလုပ်နိုင်ပါသည်။ browser setting များမှတဆင့် ပြုလုပ်နိုင်ပါသည်။ browser တစ်ခုနှင့်တစ်ခု အနည်းငယ်ကွဲပြားနိုင်ပါသဖြင့် မိမိ cookie များကို မှန်ကန်စွာပြောင်းလဲရန်အတွက် မိမိတို့၏ browser ၏ အကူအညီလမ်းညွှန်ကို လေ့လာသင့်ပါသည်။ cookie များကို ပိတ်ပစ်လျှင် အချို့ feature များ အလုပ်လုပ်တော့မည် မဟုတ်ပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် လူကြီးမင်းတို့၏ ဆိုဒ်အတွေ့ အကြုံအတွက် အကျိုးပိုရှိပြီး အခြားလုပ်ဆောင်များအတွက် အဆင်ပြေလိမ့်မည် မဟုတ်ပါ။

          လူကြီးမင်းတို့၏ အချက်အလက်များကို ဘယ်လိုအသုံးပြုမလဲ။

          လူကြီးမင်းတို့၏ အချက်အလက်များကို အောက်ပါနည်းလမ်းများအတိုင်း အသုံးပြုပါမည်။

          • လူကြီးမင်းတို့၏ အတွေ့အကြုံကို ကောင်းမွန်သင့်လျော်ဆုံးဖြစ်စေရေးအတွက် ဆောင်ရွက်ပေးရန်နှင့် လူကြီးမင်းတို့ စိတ်ဝင်စားမှုအရှိဆုံး အကြောင်းအရာနှင့် ကုန်ပစ္စည်းအမျိုးအစားများကို ကမ်လှမ်းရန် 
          • လူကြီးမင်းတို့၏ တောင်းဆိုချက်နှင့်ပတ်သက်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် အချက်အလက်များကို ပေးနိုင်ရန်
          • လူကြီးမင်းတို့၏ အချက်အလက်များပေါ်မူတည်၍ ချေးငွေဆိုင်ရာ အမှတ်ပေးစည်းမျဉ်းတစ်ခု ဖန်တီးပြုလုပ်ရန်
          • လက်ရှိကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏ လက်တလော ပြောင်းလဲချက်များနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားချက်များပေးပို့ရန်
          • အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပြန်လည်ဆက်သွယ်နိုင်ရန်(တိုက်ရိုက်ဆက်သွယ်စကားပြောဆိုခြင်း၊ အီးမေးလ် သို့မဟုတ် ဖုန်းစုံစမ်းမေးမြန်းမှုများ)

          လူကြီးမင်းတို့၏ အချက်အလက်များ ဘယ်လိုကာကွယ်ထားပါသလဲ။

          လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံသော ကွန်ယက်များတွင် ထားရှိပြီး ၎င်းစနစ်များထဲသို့ ဝင်ရောက်ရန် အကန့်အသက်ဖြင့် လူနည်းစုတစ်စုကိုသာ အထူးဝင်ရောက်ခွင့်ပေးထားပြီး အချက်အလက်များကို လျို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားပါသည်။ ထို့အပြင် လူကြီးမင်းတို့ ပေးပို့သော အရေးကြီးသော/ချေးငွေအချက်အလက်များအားလုံးကို အခြားသူများဝင်ရောက်ရယူခြင်းမှကင်းဝေးရန် Secure Socket Layer (SSL) နည်းစနစ်မှတဆင့် ကုတ်အဖြစ်အသွင်ပြောင်း ထားရှိပါသည်။ အသုံးပြုသူတစ်ဦးမှ ချေးငွေတစ်ခုအတွက် စုံစမ်းခြင်း၊ လျှောက်ထားခြင်း၊ သို့မဟုတ် ၎င်း၏ အချက်အလက်များ လုံခြုံရေးကိုထိန်းသိမ်းရန် ဝင်ရောက်ခြင်းများအတွက် လုံခြုံရေးစနစ်အမျိုးမျိုးကို ဆောင်ရွက်ထားရှိပါသည်။


          လုပ်ဆောင်ချက်များအားလုံးကို gateway တစ်ခု ပေးသူကို ဆောင်ရွက်စေပြီး မိမိတို့၏ server များတွင် ထားရှိခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းများ မပြုလုပ်ပါ။

          တစ်စုံတစ်ယောက်ထံသို့ ဖွင့်ဟဖော်ပြခြင်း။

          ကြိုတင်အသိပေးခြင်းမပြုပဲ လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အခြားသူများထံသို့ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း မပြုလုပ်ပါ။ အခြားသူများထံသို့ ဆိုလိုရာတွင် ဝပ်ဆိုဒ်အတွက်တာဝန်ယူပေးသော မိတ်ဖက်လုပ်ငန်းများနှင့် မိမိတို့၏ ဝပ်ဆိုဒ်နှင့်ပတ်သက်၍ လုပ်ငန်းလည်ပတ်ရန် သို့မဟုတ် မိမိတို့၏ အသုံးပြုသူများအတွက် ဝန်ဆောင်မှုပေးရာတွင် အကူအညီပေးသော အခြားအဖွဲ့အစည်းများ (လူကြီးမင်းတို့၏ အချက်အလက်များကို လျို့ဝှက်ထားသရွေ့) မပါဝင်ပါ။
          ဥပဒေနှင့်ကိုက်ညီရန်၊ မိမိတို့ ဆိုဒ်မူဝါဒအရဆောင်ရွက်ရန်၊ သို့မဟုတ် မိမိတို့၏ သို့မဟုတ် အခြားသူများ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှုသို့မဟုတ် လုံခြုံရေးကို ကာကွယ်ရန် အချက်အလက်များကို ထုတ်ပြန်ဖော်ပြနိုင်သည်။ သို့သော် ကိုယ်ရေးကိုယ်တာမဟုတ်သော အချက်အလက်များကို ဈေးကွက်ရှာဖွေရေး၊ ကြော်ငြာသို့မဟုတ် အခြားအသုံးပြုမှုများအတွက် အခြားအဖွဲ့အစည်းများသို့ ဖော်ပြနိုင်ပါသည်။

          GOOGLE

          Google ၏ ကြော်ငြာလိုအပ်ချက်များကို Google ၏ ကြော်ငြာစည်းမျဉ်းပုံစံများအတိုင်း ဖော်ပြနိုင်ပါသည်။ ထိုဖော်ပြချက်များကို အသုံးပြုသူများ အကျိုးရှိစေရန် ထားရှိပါသည်။ https://support.google.com/adwordspolicy/answer/1316548?hl=en မိမိတို့ဆိုဒ်တွင် Google AdSense ကိုအသုံးပြုလို့မရသေးသော်လည်း နောက်ပိုင်းတွင် အသုံးပြုနိုင်ပါလိမ့်မယ်။

          CAN-SPAM ဥပဒေ

          CAN-SPAM ဥပဒေသည် စီးပွားရေးဆိုင်ရာ အီးမေးလ်များအတွက် စည်းမျဉ်းများ သတ်မှတ်ပေးထားသော၊ စီးပွားရေးဆိုင်ရာ မက်ဆေ့ခ်ျများအတွက် လိုအပ်ချက်များကို ဖန်တီးပေးထားသော၊ လက်ခံရရှိသူမှ အီးမေးလ်လက်ခံရရှိခြင်းမှ ရပ်ဆိုင်းလိုလျှင် ရပ်ဆိုင်းရန်အတွက် အခွင့်အရေးပေးထားသော၊ ပြစ်မှုကျူးလွန်မှုများအတွက် ပြင်းထန်သော ပြစ်ဒဏ်များကို အဓိပ္ပါယ်ဖွင့်ဆိုပေးသော ဥပဒေတစ်ခုဖြစ်သည်။ လူကြီးမင်းတို့၏ အီးမေးလ်လိပ်စာများကို

          • ချေးငွေများအတွက် ဆောင်ရွက်ရန်၊အချက်အလက်များပေးပို့ရန်နှင့် ချေးငွေများနှင့်ပတ်သက်၍ သတင်းထူးများ ပေးပို့ရန်
          • လူကြီးမင်း၏ ကုန်ပစ္စည်းနှင့်/သို့မဟုတ် ဝန်ဆောင်မှုပတ်သက်၍ အခြားအချက်အလက်များ ပေးပို့ရန်

          CAN-SPAM ဥပဒေနှင့်အညီဖြစ်စေရန် အောက်ပါတို့ကို လက်ခံသဘောတူပါသည်။

          • မဟုတ်မမှန် သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေသော အကြောင်းအရာကိစ္စရပ်များ သို့မဟုတ် အီးမေးလ်လိပ်စာများကို အသုံးမပြုရန်
          • မက်ဆေ့ခ်ျများကို သင့်တင့်လျောက်ပတ်သော နည်းလမ်းအချို့နှင့် ကြော်ငြာတစ်ခုအဖြစ် ခွဲခြားဖော်ပြရန်
          • မိမိတို့ လုပ်ငန်း၏ တည်နေရာလိပ်စာ သို့မဟုတ် ဆိုဒ်၏ ရုံးချုပ်များကို ထည့်သွင်းဖော်ပြရန် 
          • အခြားအီးမေးလ် ဈေးကွက်ရှာဖွေရေးဝန်ဆောင်မှုများကို အသုံးပြုလျှင် ၎င်းတို့ကို စည်းမျဉ်းစည်းကမ်းနှင့်ညီ မညီ စောင့်ကြည့်ရန်
          • ပါဝင်ဆောင်ရွက်လိုခြင်းမရှိခြင်း/မလုပ်ဆောင်လိုခြင်းများအတွက် အမြန်အလေးထားဆောင်ရွက်ပေးရန်
          • အီးမေးလ်တစ်ခုစီ၏အောက်ရှိ လင့်ခ်ကို သုံးခြင်းဖြင့် အသုံးပြုသူများအား မိမိတို့အသုံးမလိုသည်များကို ပယ်ဖျက်ခွင့်ပေးရန်

          အီးမေးလ်များလက်ခံလိုခြင်း မရှိလျှင် အီးမေးလ်၏ အောက်တွင် ဖော်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆောင်ရွက်နိုင်ပြီး မိမိတို့မှ လူကြီးမင်းထံသို့ အဆက်အသွယ်လုပ်ခြင်းတို့ကို ချက်ခြင်းပယ်ဖျက်သွားပါမည်။

          ဆက်သွယ်ရန်

          ဤကိုယ်ရေးကိုယ်တာ မူဝါဒစည်းမျဉ်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုလျှင် ဝပ်ဆိုဒ်တွင်ဖော်ပြထားသော ဖောင်ကို အသုံးပြု၍ သို့မဟုတ် အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

           

          QuicKyat
          အမှတ် ၃၀၇၊ တာဝါဘီ၊ ရွှေဟင်္သာကွန်ဒို၊

          ၆မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်။
          questions@quickyat.com

        © 2019 Kander Myanmar Co., Ltd. All rights reserved.

        FAQ | Privacy Policy

          Call Us
          Download
          Contact
        Cookie Use
        We use cookies to ensure a smooth browsing experience. By continuing we assume you accept the use of cookies.
        Learn More